Charu Digital print House

(Source: https://www.facebook.com/Athoy-Event-Management-Flower-Decoration-Center-Contact-01680566040-1420343888188831/)

Charu Digital print - It's print time Con : 01680566040 | Eco print | Thanks to Might Allah,Again Done a mog hit | our new uv machine,any kind of..

Latest Articles
Related Articles

Photos from KBZ BANK's post - KBZ BANK 2017-10-23 07:36

ချင်းပြည်နယ် ထန်တလန်မြို့နှင့် အနီးတ၀ိုက်အတွက် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ရေသယ်ယာဉ်အသစ် နှစ်စီးလှူဒါန်း ===== ချင်းပြည်နယ် ထန်တလန်မြို့နှင့် အနီးတ၀ိုက်ဒေသများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးနိုင်ရန် ရေဂါလံ (၃၀၀၀) ဆံ့ ရေသယ်ယာဉ်သစ် နှစ်စီးကို အောက်တိုဘာလ (၂၁) ရက်နေ့က ထန်တလန်မြို့နယ်ခန်းမတွင် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း (BFM) က ပေးအပ်လှူဒါန်းခဲ့ပါသည်။ အခမ်းအနားတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ကမ္ဘောဇဘဏ်၏ အထက်မြန်မာပြည်တာဝန်ခံ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦးတင်ထွန်းမှ ကားနှင့်သက်ဆိုင်သော စာရွက်စာတမ်းများကို မြို့မိမြို့ဖ ဥက္ကဌအား လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။ ထို့နောက် သိက္ခာတော်ရဆရာတော် ဆရာဇက်အိပ်(စ်) မှ ဆုမွန်များတောင်းပေးခဲ့ပါသည်။ ယခုကဲ့သို့ရေသယ်ယာဉ်သစ် နှစ်စီး ပေးအပ်လှူဒါန်းခြင်းကြောင့် ထန်တလန်မြို့နယ်ရှိ ပြည်သူ (၇၀၀၀) ကျော်နှင့် အနီးတစ်ဝိုက်ဒေသများမှ ပြည်သူများအတွက် ထန်တလန်မြို့ နှင့် ၂၂ မိုင်ဝေးသော ရေထွက်မှ ရေများသယ်ယူကာ ဖြန့်ဝေပေးနိုင်တော့မည် ဖြစ်ပါသည်။ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ယခုလှူဒါန်းသည့် ရေသယ်ယာဉ်သစ် (၂) စီးအပါအ၀င် ရေသယ်ယာဉ်ပေါင်း (၄) စီးကို ချင်းပြည်နယ်အတွင်း ပေးအပ်လှူဒါန်းခဲ့ပြီး ၂၀၁၅ ရေကြီးရေလျံမှုဖြစ်ပွားစဉ်ကလည်း ချင်းပြည်နယ်အတွက် ငွေကျပ် သိန်းပေါင်း (၁၃၀၀၀) ကျော်ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့အပြင် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံအနှံ့အပြား ရေရှားပါးခက်ခဲသောဒေသများတွင် ရေသယ်ယာဉ်သစ် (၄၆) စီးကို ပေးအပ်လှူဒါန်းထားပါသည်။ နိုင်ငံအနှံ့အပြားရှိ ရေတွင်းတူးရန်အလွန်ခက်ခဲပြီး ရေရှားပါးသောဒေသများတွင် စက်ရေတွင်း (၁၆၄)တွင်း ကို အင်္ဂလန်နိုင်ငံထုတ် ခေတ်မီရေတွင်းတူးစက်သစ်ကြီးဖြင့် အောင်မြင်စွာတူးဖော်ပေးခဲ့ပြီး ရေလှောင်ကန်များ တည်ဆောက်ကာ စနစ်ကျသော ရေသွယ်တန်းမှုများဖြင့် သောက်သုံးရေများ အခမဲ့ ဖြန့်ဝေပေးလျက်ရှိပါသည်။ ဒေါ်နန်းလိုင်းခမ်းဥက္ကဋ္ဌအဖြစ်ဦးဆောင်လျက်ရှိသော ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း(BFM)သည် စတင်တည်ထောင်သည့် ၂၀၀၈-ခုနှစ်မှ ယနေ့အချိန်အထိ နိုင်ငံတော်နှင့် ပြည်သူ အတွက် ကဏ္ဍပေါင်းစုံတွင် စုစုပေါင်းကျပ်ငွေ (၁၃၅)ဘီလီယံကျော် လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။ #KBZBank #KBZBrighterFutureMyanmarFoundation

KBZ BANK Photo 2017-10-22 08:30

အ​ရေးတကြီး​ငွေလွှဲရတဲ့ အခါမျိုးမှာ သင့်​မိတ်​​ဆွေက ဘဏ်​အ​ကောင့်​၊ Online Banking နှင့်​ ATM တို့ကို သုံး​လေ့မရှိလို့ စိတ်​ညစ်​​နေရပါသလား? ဒါဆိုရင်တော့ KBZ Online Banking မှ အောက်တိုဘာ ၂၃ရက်နေ့မှာ ၀န်ဆောင်မှုအသစ်ကို မိတ်ဆက်ပေးသွားမည့် အကြောင်းလေးစားစွာတင်ပြအပ်ပါသည်။ #KBZOnlineBanking