Medical Marijuana Insurance

(Source: https://www.facebook.com/Medical-Marijuana-Insurance-649996858441687/)

Medical Marijuana In - Is it the new US flag! lool | ALL for ONE - Addey Lane - Official Music | Made the new business card today. | Thankfully Californi..

Latest Articles
Related Articles

KBZ BANK Photo 2017-10-20 08:01

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ငွေကျပ် သိန်း ၆၅,၁၆၀ (ကျပ်သိန်းခြောက်သောင်းငါးထောင်တစ်ရာ့ခြောက်ဆယ်) လှူဒါန်းခဲ့ ========== နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိသော ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်းကော်မတီ၏ မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ရှိ ငွေစုဘဏ်စာရင်းအမှတ် (CF-003434)သို့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်မည့် ကဏ္ဍစုံလုပ်ငန်းစဉ်များတွင် အသုံးပြုရန် အလှူငွေကျပ်သိန်း ပေါင်း-၃၀၀၀၀(ကျပ်သိန်းသုံးသောင်း)ကို ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM)က အောက် တိုဘာလ(၁၉)ရက်တွင် ထည့်ဝင်လှူဒါန်းခဲ့ပါသည်။ ယနေ့ အောက်တိုဘာလ (၂၀) ရက် နံနက်ပိုင်းက နေပြည်တော်တွင် ကျင်းပခဲ့သော အလှူငွေပေးအပ်ပွဲအခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း (BFM) ဥက္ကဌ ဒေါ်နန်းလိုင်းခမ်းအား ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ငွေကျပ် သိန်း-၆၅,၁၆၀ (ကျပ်သိန်းခြောက်သောင်းငါးထောင်တစ်ရာ့ခြောက်ဆယ်) လှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပါသည်။ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ၂၀၁၇ ခုနှစ်အတွင်း ● ရခိုင်ပြည်နယ်၌ သေဆုံး၊ ဒဏ်ရာရရှိခဲ့သော နိုင်ငံ့ဝန်ထမ်းများအတွက် ကျပ်သိန်း(၄၇၀)၊ ● ရခိုင်ပြည်နယ် ဒေသဖွံ့ဖြိုးရေးအတွက် ကျပ်သိန်း (၃,၀၀၀)နှင့် ● နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် လှူဒါန်းငွေကျပ်သိန်း (၃၁,၆၉၀)ကိုလည်းကောင်း လှူ ဒါန်းခဲ့ပြီး ● ယခုလှူဒါန်းသည့် ငွေကျပ်သိန်း(၃၀,၀၀၀) အပါအ၀င် စုစုပေါင်း ကျပ်သိန်းပေါင်း(၆၅,၁၆၀)(ကျပ်သိန်း ခြောက်သောင်းငါးထောင်တစ်ရာ့ခြောက်ဆယ်) ကို ရခိုင်ပြည်နယ်အတွက် လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း (BFM) အနေဖြင့် အပြစ်မဲ့သူများ ထိခိုက်မှုမရှိစေရေး အတွက် လူသားချင်းစာနာထောက်ထားမှု အကူညီပေးရန် နိုင်ငံတော်အစိုးရ၏လုပ်ဆောင်မှုကို ကူညီအားပေး သည့်အနေဖြင့် ပေးအပ်လှူဒါန်းခြင်းဖြစ်သည်။ ထို့ပြင်ဖောင်ဒေးရှင်းသည် ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံအနှံ့အပြား ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ချိန်တွင် လည်း ကျပ်သိန်းပေါင်း(၁၅၀၀၀)ကျော်ကို ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင် ရေးအတွက် လှူဒါန်းခဲ့ပါသည်။ အလားတူ BFM ဖောင်ဒေးရှင်းမှ ၂၀၁၇-ခုနှစ် နှစ်ဆန်းပိုင်းကလည်း အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ကျပ်သိန်းပေါင်း(၃၀,၀၀၀)ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ငြိမ်းချမ်းရေးရန်ပုံငွေ (NRPC-Peace Fund) အဖြစ် ပေးအပ်လှူဒါန်းခဲ့သည်။ ဒေါ်နန်းလိုင်းခမ်းဥက္ကဋ္ဌအဖြစ်ဦးဆောင်လျက်ရှိသော ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း(BFM)သည် စတင်တည်ထောင်သည့် ၂၀၀၈-ခုနှစ်မှ ယနေ့အချိန်အထိ နိုင်ငံတော်နှင့် ပြည်သူ အတွက် ကဏ္ဍပေါင်းစုံတွင် စုစုပေါင်းကျပ်ငွေ (၁၃၅)ဘီလီယံကျော် လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။ Photo: နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း (BFM) ဥက္ကဌ ဒေါ်နန်းလိုင်းခမ်းအား ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ငွေကျပ် သိန်း-၆၅,၁၆၀ (ကျပ်သိန်းခြောက်သောင်းငါးထောင်တစ်ရာ့ခြောက်ဆယ်) လှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်စဉ် ( ၂၀ရက်၊ အောက်တိုဘာလ၊ ၂၀၁၇ ခုနှစ်) #KBZBank #KBZBrighterFutureMyanmarFoundation