TorFX

(Source: https://www.facebook.com/torfx)

TorFX - As #Brexit negotiations rumble on, we explore | Property Price Focus: Spain vs. UK ,Find | We love building great relationships with | Find..

Latest Articles

Our Customers’ Stories – Paul and Lyn Obern

We love building great relationships with customers like Paul and Lyn. Find out about their Wombat Sanctuary and how we've helped them with their currency transfers.
#currencytransfer #expat
Related Articles

KBZ Leadership Summit 2018: Day 2 - KBZ BANK 2018-02-18 02:30

KBZ Leadership Summit 2018: Day 2: KBZ Leadership Summit 2018: Day 2 ကမ္ဘောဇဘဏ်မိသားစုဝင်များ စုံညီစွာ တက်ရောက်ခဲ့သော KBZ Leadership Summit 2018 တွင် KBZ Ironman (Triathlon) ကို ငွေဆောင်ကမ်းခြေ၌ ပထမဆုံးအကြိမ် ကျင်းပခဲ့ပါသည်။ စိန်ခေါ်မှု (၃) မျိုး ဖြတ်ကျော်ရသည့် KBZ Ironman (Triathlon) တွင် ကမ္ဘောဇဘဏ်မိသားစုဝင်များသည် မီတာ ၂၅၀ ရေကူးခြင်း၊ မီတာ ၇၅၀ စက်ဘီးစီးခြင်းနှင့် မီတာ ၂၀၀ ပြေးခြင်းတို့ကို အသင်းအလိုက် တက်ကြွစွာ ပါဝင်ဆင်နွဲခဲ့ကြပါသည်။ ယင်းနေ့ ညနေပိုင်းတွင် ကမ္ဘောဇဘဏ် ဥက္ကဌကြီး ဦးအောင်ကိုဝင်း၏အသင်း၊ ဒုတိယဥက္ကဌ(၃) ဦးမောင်မောင်၏ အသင်း၊ အမှုဆောင်အရာရှိချုပ် Mr. Mike Denoma ၏ အသင်း၊ ဒုတိယ အမှုဆောင်အရာရှိချုပ်များဖြစ်သော ဦးအောင်ကျော်မျိုး၏ အသင်း၊ ဒေါ်နန်းလိုင်းခမ်း၏အသင်း၊ ဒေါ်နန်းခမ်းနောင့်၏အသင်း စသည်ဖြင့် အသင်း (၆) သင်းဖြင့် ကမ္ဘောဘဏ်မိသားစုဝင်များသည် လွန်ဆွဲပြိုင်ပွဲကို အသင်းအလိုက် နည်းစနစ်များ တိုင်ပင်ပြီး တက်ညီလက်ညီဖြင့် အနိုင်မခံအရှုံးမပေး ပျော်ရွှင်စွာ ကျင်းပခဲ့ကြပါသည်။ မဖြစ်နိုင်သောအရာများကို အသင်းအဖွဲ့စိတ်ဓါတ်ဖြင့် လက်တွေ့အောင်မြင်ခဲ့သော ခံစားမှုကို ပြိုင်ပွဲဝင်အားလုံး အတူတကွ ရရှိခဲ့ကြပါသည်။ ယခုပြိုင်ပွဲများတွင် ကမ္ဘောဇဘဏ်မိသားစုဝင်များသည် ဘဏ်၏ စံတန်ဖိုးများဖြစ်သော မေတ္တာ၊ သတ္တိ၊ ၀ီရိယ တို့ကို ပေါ်လွင်အောင် ဖေါ်ညွှန်းနိုင်ခဲ့ကြပါသည်။ #KBZBank #KBZLeadershipSummit2018

KBZ Leadership Summit 2018: Day 1 - KBZ BANK 2018-02-17 02:30

KBZ Leadership Summit 2018: Day 1: KBZ Leadership Summit 2018: Day 1 ကမ္ဘောဇဘဏ်လီမိတက်၏ Leadership Summit 2018 ကို ငွေဆောင်ကမ်းခြေရှိ ကမ္ဘောဇအုပ်စုပိုင် ယမုံနာဦးဟိုတယ်တွင် ၂၀၁၈ ဖေဖေါ်ဝါရီလ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပခဲ့ပါသည်။ KBZ Leadership Summit 2018 ၏ ပထမနေ့တွင် ယခင်ဘဏ္ဍာရေးနှစ်များ၏ အားသာချက်၊ အားနည်းချက်များကို လေ့လာသုံးသပ်ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး အနာဂတ်ကာလအတွက် ရည်မှန်းချက်၊ ဦးတည်ချက်နှင့် မဟာဗျူဟာများ ချမှတ်ခဲ့ကြပါသည်။ #KBZBank #KBZLeadershipSummit2018